Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

နှမ်း(မျိုးစုံ)

နှမ်းမျိုးစုံ ယခုတစ်ပတ်အတွင်း တစ်တင်းလျှင် နှမ်းနက် (၇၀၀၀၀မှ၈၃၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၇၁၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းနက် တစ်တင်းလျှင် (၇၀၀၀၀- ၈၅၀၀၀)ကျပ်၊  နှမ်းညို တစ်တင်းလျှင် (၇၂၀၀၀) ကျပ် ပေါက်ဈေးရှိပြီး  ယခုတစ်ပတ်တွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်းလျှင် (၂၀၀၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၁၀၀၀)ကျပ်ခန့်ကျဆင်းသွားကြောကြောင်းသိရပါသည်။

မြေပဲလုံးဆံ

ယခုတစ်ပတ်အတွင်း မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၆၃၀၀မှ၆၄၀၀)ကျပ်၊ လုံးဆံနီ တစ်ပိဿာ (၆၃၀၀မှ၆၄၀၀)ကျပ်၊ဆီဆံဖြူ တစ်ပိဿာ (၅၆၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူအချိန်တွင်  လုံးဆံဖြူ တစ်ပိဿာ (၆၄၀၀-၆၅၀၀)ကျပ်၊ လုံးဆံနီ တစ်ပိဿာ (၆၄၀၀-၆၅၀၀)ကျပ်၊ဆီဆံဖြူ တစ်ပိဿာ (၅၇၀၀-၆၀၀၀)ကျပ်ပေါက်ဈေးရှိပါသည်။ ယခင်တစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲဆံဈေးနှုန်းများ အနည်းငယ်ကျဆင်းနေကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News